သောင်ယံ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့အထက (ရွှေသောင်ယံ)တွင် ယနေ့နံနက် (၁၀)နာရီအချိန်က ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများမှ နယ်လှည့်ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲကိုပြု လုပ်ဆောင် ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ရွှေသောင်ယံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ် ရီရီလွင်မှ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့ခေါင်း စဉ်ဖြင့်နံရံကပ် ဘုတ်ကို ပြသရာကျောင်းသား၊ ကျောင်းသူများကြည့်ရှုခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)