လပွတ္တာ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကမ်းနားလမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ရောင်းချပေးလျက်ရှိရာ လပွတ္တာခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ဒေသခံပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်