မက်မန်း ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကိုယ်ဝန်မိခင်များ၊ နို့တိုက်မိခင်များအနေဖြင့် အာဟာရပြည့်ဝသော ချက်ပြုုတ်နည်းများကို လေ့လာ ချက်ပြုတ်နိုင်စေရန် ရည်ရွယ်၍ အာဟာရချက်ပြုတ်နည်းသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက် ထောက်ညွှန်ကြားရေးမှူး)က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မြိုနယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့် ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းအဖွဲ့ဝင် ဒေါ်စန်းစန်းဌေးတို့က ကိုယ်ဝန်ဆောင်မိခင်များ စာသုံး သင့်သော အာဟာရကြွယ်ဝသော ချက်ပြုတ်နည်းအားလည်းကောင်း၊ နို့တိုက်မိခင်နှင့် နို့စို့အရွယ် ကလေးများ စာသုံးသင့်သော အာဟာရကြွယ်ဝသော ချက်ပြုတ်နည်းများ လက်တွေ့ သင်ကြားပြသ ခဲ့သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရအဖြစ် သာကူချိုများ ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ သင်တန်းသို့ မက်မန်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ပြီး ဇွန်လ (၁၃)ရက်နေ့မှ ဇွန်လ(၁၅)ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)