ပေါက်ခေါင်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူ အများစုသည် အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက ထားလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံများကို မိမိတို့၏ လယ်မြေ၊ ယာမြေများတွင် စိုက်ပျိုးထားရှိရာ ယခုနှစ်မိုးရာသီတွင်လည်း စပါး၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ပဲမျိုးစုံ ဧကပေါင်း (၁၁၈၉၉၂) ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးမည့် သီးနှံအမျိုးအစားအလိုက် လျာထားဧကများမှာ မိုးစပါးလျာထားဧက ၄၆၇၅၇ ဧက၊ နှမ်းလျာထားဧက ၃၈၀၄၆ ဧက၊ မြေပဲလျာထားဧက ၁၅၃၃၄ ဧက၊ နေကြာလျာထားဧက ၁၀၅ ဧက၊ ဝါကြီးလျာထား ၃၀၂၅ ဧကနှင့် ချည်မျှင်ရှည်ဝါ ၃၇၈၉ ဧက၊ ပဲတီစိမ်းလျာထား ၁၁၃၄ ဧက၊ ပဲစဉ်းငုံလျာထား ၉၅၉၁ ဧက၊ ပဲပုတ်လျာထား ၁၂၄ ဧက၊ ပြောင်းဖူး ၉၀၁ ဧကနှင့် ငရုပ် ၁၈၆ ဧကတို့ကိုစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့မိုးသီးနှံများကို လျာထားစိုက်ပျိုးခဲ့ရာ တောင်သူများ၏လယ်မြေများတွင် ယမန်နေ့အထိမိုးစပါးသီးနှံ ၆၀၁၇ ဧက၊ မိုးနှမ်း ၅၁၁၈ ဧက၊ ပြောင်းဖူး ၅၂ ဧကနှင့် အခြားသီးနှံများလည်း တချို့တဝက်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါမိုးရာသီစိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မီ ကျော်လွန်စိုက်ပျိုးနိုင်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး လိုအပ်သည့်နည်းပညာနှင့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ကူညီပံ့ပိုးပေးနေ ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)