မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကန်သာကန် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းနှင့် မြို့ပြလမ်း၊တံတား ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး မကွေးမြို့သည် တိုင်းဒေသကြီးမြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်း သာယာလှပစေရေးအတွက် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ကန်သာကန် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ကာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် (၇၅)ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့် လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက အဆိုပါလုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။