ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည် ။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဈေးနှင့် ပြည်စံအောင်ဈေးများသို့သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာသွေးသန့်/ သွေးလှူရှင်များ တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်း ဝါးစိုက်ပျိုးပွဲတော်နှင့် “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ တစ်ရှူးစက္ကူစက်နှင့် ပျော့ဖတ်လိုင်းစက်သစ်ဖွင့်ပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ဝါးစိုက်ပျိုးမှုနှင့် ဝါးထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်မြှင့်မားစွာ ထုတ်လုပ်နိုင်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းဝါးစိုက်ပျိုးပွဲတော်ကို ဇွန် ၁၅ ရက် နံနက် ၇ နာရီခွဲက ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ အုပ်စု၊ နန့်ဝါကြိုးသစ်တောကြိုးဝိုင်းအတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း၏ ဝူယန်ဝေယင်စိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဒေးဒရဲမြို့၌အခြေခံစားသုံးကုန်ပစ္စည်းများစျေးနှုန်းမြင့်တက်မှုမရှိစေရေး စျေးကွက်စောင့်ကြည့် စစ်ဆေးပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံစားသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် အခြေခံစားသုံးကုန်ပစ္စည်းများအား သတ်မှတ်သင့်တင့်မျှတသောစျေးနှုန်းများအတိုင်း ရောင်းချခြင်းနှင့် အေးခဲ အသား၊ ငါးများရောင်းချမှုများအား လိုက်လံစောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အင်တာနက်သုံးစွဲမှု၏ဆိုးကျိုးများ အသိပညာပေး (Talk Show) ကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်‌ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အင်တာနက်သုံးစွဲမှု၏ဆိုးကျိုးများအသိပညာပေး Talk Show ကို ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ကသာခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကသာခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် စံပယ်ပန်းစိုက်သူများ ပုံမှန်ဝင်ငွေရရှိနေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁၀)ရပ်ကွက်အတွင်းနှင့်  ကွင်းဝိုင်းကျေးရွာတို့တွင် ပန်းစိုက်ပျိုးရေးခြံများရှိသည့်အနက် ဆယ့်နှစ်လရာသီ တစ်နှစ်ပတ်လုံး ပွင့်သော စံပယ်ပန်းစိုက်ပျိုးသူများအနေဖြင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။

အင်္ဂပူမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချရှိ/မရှိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်‌နေ့ နံနက်ပိုင်းက အင်္ဂပူမြို့၊အမှတ် (၁) ရပ်ကွက်၊ ချယ်ရီလမ်းရှိ မြို့မဈေးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာရုံးများနှင့် အိမ်ရာများတွင် မြေပေးမိန့်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊   မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် အိမ်ရာများတွင် မြေပေးမိန့်မရှိသေးသော မြေနေရာများ မြေပေးမိန့်ရရှိရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။
Subscribe to