အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး မပျက်မကွက်ထိုးနှံရေး အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်ရှိ လမ်းများတွင် Hand Speaker ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

ဇီးကုန်းမြို့နယ်တွင် ငှက်ပျောပင် စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ငှက်ပျောပင်မှထုတ်လုပ်မည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

မုံးကိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများအားလုံးကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြောင်းကို သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လည်(၃)နာရီအချိန်တွင် ပြည်သူများအတွက် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း၊ မူးယစ်ဆေးဝါး၏ သမိုင်း၊ သုံးစွဲလာမှုအဆင့်ဆင့်ပြောင်းလဲလာခဲ့ပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ ကိုဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ကျောင်းပတ်ဝန်းကျင်စိမ်းလမ်းစိုပြေလှပစေရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ ခရမ်းမြို့ ကမာဖလိန်းကျေးရွာ အ.မ.က ကျောင်းပတ်ဝန်းကျင်နှင့် ကျေးရွာအတွင်းစိမ်းလမ်းစိုပြေ၍၊ ကျေးလက်နေပြည်သူများ ထင်းရရှိစေရေးနှင့်အတွက် စုပေါင်းသစ်ပင်စိုက်ပျုးပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းနှင့် ကျေးရွာအတွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့ Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ အောင်ကိုဦး(UMK)ရေးသားသည့် လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။

မုံးကိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ယနေ့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နေ့လည်(၂)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ မွန်းလွဲပိုင်းက ကဒါရပ်ကွက်ရှိ အ.မ.က(မူလွန်)၊ (ကဒါကမ်းနား) ကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ ပျဉ်းမနား ဇွန် ၁၅ မျိုးသီဟ(ပြန်/ဆက်)

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဂျပန်စာဂျပန်စကား(အခမဲ့) ပညာဒါန ဖွင့်လှစ်သင်ကြားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဂျပန်စာဂျပန်စကား(အခမဲ့) ပညာဒါနအဖြစ်ဖွင့်လှစ်သင်ကြားပေးခြင်းကို မြို့နယ်အတွင်း အမှတ်(၁၃)ရပ်ကွက်ရှိ မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၌ ယမန်နေ့ညနေပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
Subscribe to