ပြင်ဦးလွင် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည် ။
ရှေးဦးစွာ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်မျိုးသူက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က လူငယ်နှင့် သတင်းအချက်အလက်နည်းပညာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်းနှင့် ပြင်ဦးလွင် မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ သက်နိုင် ( ပြင်ဦးလွင်)မှ အေးဓားပြခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက စာပေ အသိပညာ ဗဟုသုတ များစွာ ရရှိစေရန် ရည်ရွယ်၍ သုတ/ ရသ စာအုပ်များ၊ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)