မက်မန်းမြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာရုံးများနှင့် အိမ်ရာများတွင် မြေပေးမိန့်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မက်မန်း ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊   မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် အိမ်ရာများတွင် မြေပေးမိန့်မရှိသေးသော မြေနေရာများ မြေပေးမိန့်ရရှိရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များသည် မက်မန်းမြို့ပေါ်အတွင်းရှိ ဌာနဆိုင်ရုံးများ၏ မြေပေးမိန့်ရရှိနိုင်ရေးအတွက် မြေနေရာအကျယ်အဝန်း၊ မြေနေရာအနေအထားများ၊ အဆောက်အအုံဆောက်လုပ်ထားရှိမှုအခြေအနေ၊ မြေအကွက်ချထားမှုအခြေအနေများ၊ မြေပုံထုတ်ပေးမှုအခြေအနေကို သွာရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးချက်များအရ မြေပေးမိန့်ရရှိရေးအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)