သီပေါမြို့နယ် အမှတ်(၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။