ရှမ်းရွာသစ်မြို့တွင် လူကြိုက်များသည့် ရာသီစာမျှစ်များလှိုင်လှိုင်ထွက်၍ မျှစ်ရှာဖွေရောင်းချသူများ အဆင်ပြေ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်ပြီး မိုးဦးကျကာလတွင်ထွက်ရှိသည့် တောတောင်များတွင် သဘာဝအလျှောက် ပေါက်ရောက်နေသော လူကြိုက်များသည့် ရာသီစာမျှစ်များတူးဖော်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။