မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါန ဆေးရုံတော်ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော်မှ အလှူတော်ငွေ ကျပ်သိန်း (၅၀၀) လှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံ တော် ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော်မှ အလှူတော်ငွေကျပ်သိန်း(၅၀၀)ကို ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့သည်။