သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်များတွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ် တွင် ဆောင်ရွက်ကြ သည်။

ချောက်မြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

ချောက်မြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ ချောက် ဇွန် ၁၅ နိုင်ထက်မိုး (ချောက်မြို့နယ်၊ ပြန်/ဆက်)

ကချင်ပြည်နယ်ကုသရေးဦးစီးဌာနအတွက် AHA Centre မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ဆင့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ် ကုသရေးဦးစီးဌာနအတွက် AHA Centre (ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန)မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ဆင့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံ၌ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ပြည်နယ်ကုသရေး ဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(အိုးဘိုကုန်း)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိပညာပေးဟောပြောပွဲကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းအဖွဲ့များသည် ယမန်နေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(အိုးဘိုကုန်း)ကျောင်းခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လှည်းကူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ မေဃဝတီ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ပလောက်မြို့၌ ကော်ဖီပျိုးပင်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကိုယမန်နေ့နံနက်(၉)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာ ရတနာခန်းမ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to