ကရသူရိမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်ဘုတ်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်း သား/သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် ဘုတ်ပြသခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်ရှိ ဌာနဆိုင်နှင့်အခြေခံပညာကျောင်းများသို့ ​ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက်တွင် သုတ၊ ရသစာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတကြွယ်ဝစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်စေရေးအတွက် အခြေခံပညာ အလယ်တန်းအဆင့် ​ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲအား ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ သည်။

ဘုတ်ပြင်းမြို့ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့် Abate ဆေးခပ်ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌၊ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပူးပေါင်းအဖွဲ့များက အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် နေအိမ်များတွင် ယနေ့နံနက်က အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း သို့ သွားရောက်ပြီး အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက ညောင်ဝိုင်း/တရုတ္တန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူရည်ချွန်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9)တွင် လူရည်ချွန်ရရှိခဲ့ကြသော အခြေခံပညာအထက်တန်းကျောင်း (လှိုင်းဘွဲ)မှ ကျောင်းသားတစ်ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း(ရွှေဂွန်း)မှ ကျောင်းသူတစ်ဦးတို့က လူရည်ချွန်အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်း ကျောင်း ပန်းဝတ်မှုံခန်းမဆောင်၌ ပြုလုပ်ကျင်းပခဲ့သည်။

ထိုင်းနိုင်ငံအတွင်းလူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းလက်ခံ ဆောင်ရွက်

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသူများအနက် နိုင်ငံသားစိစစ်မှုရှိပြီး ထိုင်းနိုင်ငံတွင် တရားစီရင်ရေးလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်သော လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၉ ဦးအား လွှဲပြောင်း လက်ခံခြင်းကို ထိုင်ငံနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် ဘက်စုံထူးချွန်လူရည်ချွန်ကျောင်းသားနှစ်ဦး၏ ပျော်ရွှင်ခံစား ရင်းတွင်းစကားသံများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မိုင်းဖြတ်မြို့နယ်အနေဖြင့် ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား နှစ်ဦး စိစစ်ရွေချယ်ခံရတယ်လို့ သိရပါတယ်။
Subscribe to