ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတသပိတ်မြတ်စေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတသပိတ် မြတ်စေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ် ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယမန်နေ့ ညနေက အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ကျောက်တလုံးကြီးမြို့အတွင်းရှိ ဆရာ တော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

နမ္မတူမြို့နယ် အ.လ.က(၂)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးပွဲ (Talk  Show) ကျင်းပပြုလုပ်

မော်လမြိုင်မြို့နယ်၊ပြည်နယ် စားသုံးရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk-Show)ကို  ဇွန်လ ၁၀ ရက်နေ့က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် သွေးလှူရှင်ဂုဏ်ပြုပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် တိုင်းရင်းသားပေါင်းစုံ လူမှုကူညီရေးအသင်း(ကျိုင်းတုံ)တို့ပူးပေါင်း၍ ကျင်းပသည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် သွေးလှူရှင်ဂုဏ်ပြုပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံမြို့နယ် စည်ပင်သာယာခန်းမတွင် ကျင်းပသည်။

ရေတာရှည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်​​၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲကို ယ​မန်နေ့နံနက် ၉:၃၀ နာရီအချိန်က အမှတ် (၆)ရပ်ကွက်ရှိ အ.ထ.က(ရွှေကြက်ယက်)၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော (၂၀၂၃–၂၀၂၄)ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လားရှိုးမြို့နယ်အတွင်း စံပြကွက်/စမ်းသပ်ကွက်များ ဆောင်ရွက်သည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း စံပြစိုက်ကွက်များ၊ စံပြစမ်းသပ်စိုက်ကွက်များ ဆောင်ရွက်စိုက်ပျိုးခဲ့ကြသည့် အကျိုးဆောင် တောင်သူများ အား မျိုးစေ့နှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။

နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်စာစောင်များကို နေ့စဉ်လာရောက် ငှားရမ်းဖတ်ရှု

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကလေးသူငယ်များအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများလာကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ပလောက်ကျောင်းတွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အတွင်း ကျန်းမာရေးစစ်ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Subscribe to