ယင်းမာပင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယင်းမာပင်မြို့တွင် ကလေးအလုပ်သမား လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီအချိန်က ယင်းမာပင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။