မချမ်းဘော့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အ.ထ.က မချမ်းဘော့ကျောင်း၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ သတင်းရေးသားနည်းသင်တန်းကို နိုဝင်ဘာ(၂၁)ရက်မှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ဈေးကြီး၌ ပြုလုပ်ခဲ့ကြသည်။

ငပု​တောမြို့နယ်၊ ကွင်း​ချောင်း​ကျေးရွာအုပ်စု၊ ဆယ်အိမ်စု​ကျေးရွာတွင် ​နေကြာမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ကွင်း​ချောင်း​ကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာတွင် ကွင်းအမှတ် (၂၁၀၆) ဦးပိုင်အမှတ် (၁၁) ၊ တောင်သူ ဦးဂီတစိန်၏ လယ်ယာမြေ (၅.၀၀) ဧက၌ ​နေကြာမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။

ရွှေကူမြို့နယ် ပူခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပူခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့နေ့လည် ၁၂ နာရီ တွင် ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ဒေးဒရဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီတွင် စတင်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ အခြေခံပညာမှုလတန်းနှင့်အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမှုလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အင်္ဂလိပ်စာဘာသာစကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားနိုင်စေရန် အင်္ဂလိပ်စာဘာသာစကားပြောကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to