ပြင်ဦးလွင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

ပြင်ဦးလွင်ခရိုင်၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် ဆီနှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့ နံနက် (၈) အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများ အား ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။   

မယ်စဲ့မြို့နယ်တွင် ပန်တိန်းကျေးရွာပြည်သူများအား အဋ္ဌမအကြိမ် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့က ပန်တိန်းကျေးရွာ ကက်သလစ်ဘုရားရှိခိုး ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရမှုမှ ကင်းဝေးစေရန်နှင့် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်လာပါက မည်သို့မည်ပုံ ကာကွယ်ပေးနိုင်ရန်နှင့် အမျိုးသမီးများ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို အသိပညာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည် TalkShow ဆောင်ရွက်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက စုကလိမြို့ လူထုအခြေပြု ဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့်ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို အထက(၁)ပြင်ဦးလွင်တွင်လည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို အထက (၄) ပြင်ဦးလွင်တွင် လည်းကောင်း ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းအသီးသီးတွင် ကျင်းပခဲ့သည်။

ဂွမြို့တွင်၂၀၂၂ခုနှစ် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃) နှစ်​မြောက် နှစ်ပတ်လည်​နေ့အထိမ်းအမှတ် “ကမ္ဘာ့က​​လေးများ​နေ့” အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့၊ ကလေးတိုင်း အတွက်​ ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (၃၃) နှစ်​မြောက် နှစ်ပတ်လည်​နေ့အထိမ်းအမှတ် “ကမ္ဘာ့က​​လေးများ​နေ့” အခမ်းအနားကို ယ​မန်နေ့ညနေပိုင်းက ဂွမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to