မြဝတီမြို့၌ (Mobile)ဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (Mobile)ဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ကရင်ပြည်နယ်ကိုယ်စားပြု သွားရောက် ဖျော်ဖြေ တင်ဆက်မည့်ဒုံယောင်ဖူကျော်ဇာတ်အဖွဲ့အား ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ငွေပေးအပ်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ကရင်ပြည်နယ်ကိုယ်စားပြုသွားရောက်ဖျော်ဖြေတင်ဆက်မည့် ဒုံယောင်ဖူကျော် ဇာတ်အဖွဲ့အား  ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများထိုင်းနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ညနေပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ် သမား(၇၈)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။

အမ်းမြို့နယ်၌လိုင်စင်မဲ့ဆိုင်ကယ်များအားယာဥ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့်သက်တမ်းတိုးဆောင်ရွက် နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

 ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS)ဖြင့်မှတ်ပုံတင်ပြုလုပ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်မှူးရုံးခန်း၌ ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လမ်းဘေးရေမြောင်းများ ရေစီရေလာကောင်းမွန်ရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ စစ်ကိုင်း လမ်းခွဲ‌ဒေါင့်မှ ရတနာပူရပြတိုက်နှင့် မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ်အထိ မြောင်းအတွင်းနွံစာများဆယ်ယူပြီး မန္တလေးမြို့တော်သာယာလှပ‌စေရန်ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုလောမြို့နယ်၊ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စု၌ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်လုံးကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၇.ခ)၊  ဦးပိုင် အမှတ်(၈၈)ရှိတောင်သူ ဦးကွန်ပဲ၏ ဆင်းသုခစပါးစိုက်ခင်း (၆.၆) ပေ အတွင်းရိတ်သိမ်းခဲ့ရာ ဆင်းသုခစပါး တင်းအစိုထွက်နှုန်း(၉၆)တင်းနှုန်းထွက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။

ကျွန်းစုမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ(၂/၂၀၂၂)  ပထမနှစ် စာမေးပွဲအား သင်တန်းသား၊ သင်တန်းသူများ အေးချမ်းစွာဝင်ရောက်ဖြေဆို

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးမြို့ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (၂/၂၀၂၂) ပထမနှစ် စာမေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကောလိပ်ရှိ စာသင်ခန်းမများ၌ ဆက်လက်ကျင်းပပြုလုပ်ရာ သင်တန်းသား/သင်တန်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

လှိုင်းဘွဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေများဖြင့် စိုက်ပျိုးသွားမည့် နေကြာစိုက်ခင်းအတွက် တောင်သူများ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုး

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်အတွင်းရှိကျေးရွာများ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေများဖြင့် နေကြာပင်မှ နေကြာဆီထုတ်လုပ်နိုင်ရေးအတွက်  တောင်သူများ အနေဖြင့် မိုးစပါးရိတ်သိမ်းပြီးနောက်မြေကြီး  အစိုဓါတ်ရှိနေချိန်များတွင်နေကြာပျိုးပင် မျိုးစေ့ချနိုင်ရေး လယ်ထွန်စက်များအသုံးပြု၍ ထယ်ထိုး၊ ထွန်မွှေ၊ မြေပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် ( ရတနာပုံဆိုက်ဘာစီးတီး ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ  နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီး တီး) ၏  ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ် မောင်မယ်သစ်လွင်များအား နွေးထွေးစွာကြိုဆိုမိတ်ဆက်ပွဲကို  ယနေ့နံနက်ပိုင်းက ပြင်ဉီးလွင်မြို့နယ်၊ သုံးတောင် ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
Subscribe to