မိုင်းကိုင်မြို့နယ် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံနည်းဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့၌ ၂၀၂၃ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သစ်တောဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း အပူချိန်လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီအချိန်တွင် တိုက်နယ်ဆေးရုံဝင်းထဲ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့သစ်)၌ ကျောင်းအခြေပြု သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲ၊ မျက်စိစမ်းသပ်ခြင်းနှင့် စနစ်တကျ သွားတိုက်နည်းများ သရုပ်ပြသ

မလှိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့သစ်)၌ ကျောင်းအခြေပြု သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲ၊ မျက်စိစမ်းသပ်ခြင်းနှင့် စနစ်တကျ သွားတိုက်နည်းများ သရုပ်ပြသ မလှိုင် ဇွန် ၁၆ အောင်ဌေး

ရွှေတောင်မြို့နယ် အ.ထ.ကခွဲသရက်တောကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အ.ထ.ကခွဲသရက်တောကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ရေချွေတာသုံးစွဲရေးအသိပညာပေး Talk Show ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ ညနေ ၅ နာရီက ရေချွေတာသုံးစွဲရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတောင်းမြို့၌ အစေ့ထုတ်ပြောင်းများ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ ပြည်သူများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ အစေ့ထုတ်ပြောင်း စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။

အစေ့ချကိရိယာ (Drum Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် နည်းပညာပေးပြပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးမြို့ အမှတ်(၁)ရပ်ကွက်၊ ဘုရားကြီးအနောက်ကွင်း၊ ကွင်းအမှတ်(၅၄၃)၊ ဦးပိုင်းအမှတ်(၄၂)၊ တောင်သူဦးအေးနိုင်၏ လယ်မြေ(၃)ဧကတွင် အစေ့ချကိရိယာ (Drum Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် နည်းပညာပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အလုံမြို့နယ်၌ အများပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့်  မြို.တော်အင်္ဂါရပ်နှင့်အညီလှပတင့်တယ်စေရေးအတွက် လမ်းမီးများပြုပြင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း အများပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊  လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ မြို.တော်အဂါရပ်နှင့် အညီလှပတင့်တယ်စေရေးအတွက် မင်းရဲကျော်စွာလမ်းနှင့် နှင်းဆီလမ်းတလျှောက်ရှိ လမ်းမီးများပြုပြင်ခြင်းကို  ယနေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ ပုဗ္ဗသီရိ ဇွန် ၁၆ လှိုင်မြင့်
Subscribe to