ကျောက်တန်း ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့ရေးသားထားသော နိုင်ငံ့ဝန်ထမ်းနည်ဥပဒေများစာအုပ်နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက စာဖတ်ဝိုင်းကျင်းပရခြင်းရဲ့ရည်ရွယ်ချက်အား ရှင်းလင်းကျင်းပခဲ့သည်။
ထို့နောက်ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ လုပ်သားရုပ်သံ ဦးနေလင်းကျော်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ စာအုပ်အခန်း၈မှ ခွင့်ခံစားခြင်း ခေါင်းစဥ်ကို ဝန်ထမ်းများနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ အသိပညာတိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။
မြို့နယ် (ပြန်/ ဆက်)