မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လူထု အခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ် အသိပညာပေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး စာစောင်များ ကပ်ထာပေး လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးအရှေ့ရှိ မြေစိုက်ဘုတ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား/သူ များနှင့် အများပြည်သူများ လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး စာစောင်များနှင့် ကိုဗစ်ရောဂါကာကွယ်ရေး အသိပညာပေး စာစောင်များကို ကပ်ထားကာပြသ ထားလျက်ရှိသည်။

မိုင်းယောင်းမြို့နယ်၌ ဒေသရိုးရာ လက်လုပ်ပစ္စည်းများ အရောင်းသွက်

မိုင်းယောင်းမြို့နယ်၌ ဒေသရိုးရာ လက်လုပ်ပစ္စည်းများ အရောင်းသွက် မိုင်းယောင်း ဇွန် ၁၆ ဝေဝေခိုင်(ပြန်/ဆက်)

ကဝမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ မတည်ရန်ပုံငွေထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ကျေးရွာမတည်ရန်ပုံငွေအား ကျေးရွာအသင်းသူ/ အသင်းသားများသို့ထုတ်ချေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ယနေ့ နံနက် (၁၀)နာရီက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။

ကျိုက်မရော၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက်  ၉ နာရီခွဲက အ.မ.က မူလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအား ယမန်နေ့ မွန်းလွဲပိုင်းက ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာအုပ်စု၊ တောင်သူ ဦးရွှေထူး၏ လယ်ယာမြေ (၁၂)ဧက၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တောင်သူ များနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ​ဒေသခံ​တောင်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံ ခဲ့သည်။

ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက ရှမ်း/ ကြေးရပ်ကွက်ရှိ အခြေခံပညာအထက်တန်း‌ကျောင်း (တပ်နယ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကလေးဝမြို့တွင် မိုးစပါးစိုက်ဧက ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးရန် လျာထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးကာလ၌ မိုးစပါးစိုက်ဧက ၁၈၅၅၆ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
Subscribe to