ယင်းမာပင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ယင်းမာပင် ဇွန် ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယင်းမာပင်မြို့တွင် ကလေးအလုပ်သမား လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို  ယနေ့နံနက် ၉ နာရီအချိန်က ယင်းမာပင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ယင်းမာပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးဝင်းနှင့် ဦးစီးအရာရှိ ဒေါ်အိသက်ခိုင်တို့က ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးလုပ်သားဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကလေးသူငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာ စေသည့်အကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်စေရေးအတွက် နိုင်ငံတော်က ရည်မှန်းချက် တာဝန်များထား၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယင်းမာပင်ခရိုင်ရုံးအနေဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန်အတွက်  စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှထုတ်ဝေသည့် ဇေယျာရွှေမြေလက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ အွန်လိုင်း မှတစ်ဆင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်