ကန့်ဘလူမြို့၌ စားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ကန့်ဘလူ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဥ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသောက်ကုန်များကို ပြင်ပစျေးနှုန်းများထက် လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချ​ပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင် တို့၏ ကြီးကြပ်ဦးဆောင်ဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လာရောက်ဝယ်ယူကြသူ ပြည်သူများအား  အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့် ကြက်ဥနှစ်လုံး စသည့် ပစ္စည်းသုံးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)