ပုသိမ်မြို့၌ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားအား ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ဌာနဆိုင်ရာများ၊ လုပ်ငန်း ရှင်များနှင့် စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများတက်ရောက်ခဲ့ကြသည်။