ပင်လုံမြို့ အ.မ.က - ဝမ်မိုင်ကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာတိုးပွားရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အ.မ.က-ဝမ်မိုင်ကျောင်းသို့ သွားရောက်ပြီး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

နတ်တလင်းမြို့နယ်၌ တောင်သူ၊ လယ်သမားများအား စပါးမျိုးစေ့ချကရိယာ(Drum Seedder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် တောင်သူလယ်သမားများအား စပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် စပါးမျိုးစေ့ချကရိယာ(DrumSeeder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်လှကျေးရွာအတွင်းရှိ ကွင်းအမှတ် (၂၅၇) တောင်သူ ဦးကျော်လေး၏လယ်မြေတွင် ကျင်းပသည်။

ဟုမ္မလင်း၌ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ် Community Centre ခန်းမ၌ အမှိုက်ကြောင့်ဖြစ်တက်သော ရောဂါများ အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဋ္ဌာန (Community Centre) ခန်းမ၌  အမှိုက်ကြောင့် ဖြစ်တက်သောရောဂါ များအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့  မွန်းလွဲ ၁  နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့ စက်မှုစိုက်ပျိုး မွေးမြူရေးသင်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ကေ့ာကရိတ်မြို့ အထက(၂)စက်မှုစိုက်ပျိုး မွေးမြူရေးသင်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk show ဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀) နာရီက ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့နယ်စာရေးဆရာအသင်း၊ (Book Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ(Youth club )အဖွဲ့ဝင်များ စာ​ပေချစ်မြတ်နိုးသူ ဝါသနာရှင်များ၊ ဆရာ၊ ဆရာမ များနှင့်ပူးပေါင်း၍ စာရေးဆရာမ ခင်​စောတင့် ဘာသာပြန်ဆိုထားသော ပျော်ရွှင်ကြရာဝယ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to