ပလောက်မြို့တွင် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်၏အစီအစဉ်ဖြင့် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်၊ ပြည်သူ့ဆေးရုံအရှေ့၊ ဗဟိုလမ်းတွင် ပလောက်တပ်နယ်မှ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်သစ်လွင်များအား ကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်သစ်လွင်များအား ကြိုဆိုပွဲကို နိုဝင်ဘာ ၂၁ နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တီးတိန်မြို့နှင့် ဖလမ်းမြို့များသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဟားခါးမြို့မှ တီးတိန်ခရိုင် ၊ တီးတိန်မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပြီး နယ်မြေခံတပ်ရင်းခန်းမ၌ ခရိုင် ၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊ ဘာသာ ရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ကလေးမြို့တွင် ပြည်သူများ  ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask  Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး   Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကလေးတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစား သောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ် ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၈၈၃၉၅ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ များဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး ၊ပဲလွမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာပြာ၊ စွန်တာနီ၊ ထောပတ်ပဲနှင့်အခြား ပဲ ၉၀၀၂၇ ဧကကိုလျာထားပြီး စက်တင်လာလကစတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၈၈၃၉၅ ဧကစိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “စားသုံးသူရေးရာ အသိပညာပေး” Talk Show ကျင်းပဆောင်ရွက်

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ “စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့၊ မွန်းလွဲပိုင်းက၊ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊သင်္ချာ စွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၂၀၂၂-၂၀၂၃ ပညာသင်နှစ်  မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်  သင်္ချာစွမ်းရည်ပြိုင်ပွဲကို  ယနေ့နံနက်(၉)နာရီက သဲတော−ဝမ်းတွင်း အခြေခံပညာ အထက်တန်းကျောင်းတွင်   ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မိုင်းယုဒေသ၌ စီးပွားဖြစ် ဆောင်းသီးနှံ ရွှေဖရုံများ စတင်ပျိုးထောင်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည့် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲအမျိုးမျိုးတို့ဖြစ်ပြီး စီးပွားဖြစ်ပြောင်းနှင့် ရွှေဖရုံများလည်းပါဝင်ကာ အောက်တိုဘာလဆန်းပိုင်းကစတင်၍ ရွှေဖရုံများကို စတင်ပျိုးထောင်စိုက်ပျိုးပြီဖြစ်ကြသည်။
Subscribe to