ရွှေကူမြို့နယ် ပူခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပူခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။