ရွှေတောင် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ညောင်စာရေးကျေးရွာအုပ်စု လှေကြီးစုကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၂၇) လုံးအားယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေများပေးခဲ့ကြောင်းသိရသည်။
အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့်ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့်လူနေအိမ် (၂၇) လုံးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို နှင့်အဖွဲ့များမှ ကမ်းပြိုအိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ထောင်စု (၁)စုလျှင်ပြောင်းရွေ့စရိတ်(၁၀၀၀၀၀ိ /-) ကျပ်နှုန်းဖြင့်အိမ်ထောင်စု (၂၇) စုအတွက် (၂၇၀၀၀၀၀ိ /-) ကျပ်နှင့်လူတစ်ဦးလျှင်ဆန်ရိက္ခာဖိုးငွေ (၂၁၀၀ိ /-) ကျပ်နှုန်းဖြင့်လူဦးရေ(၁၀၂) ဦးအတွက် (၂၁၄၂၀၀ိ /-) ကျပ် စုစုပေါင်း(၂၉၁၄၂၀၀ိ /-) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
(ကိုကိုမင်း (ပြန်/ ဆက်)