ထား၀ယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် “(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်” စာစီစာကုံးပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားကျင်းပ

ထားဝယ် ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ထောက်ပံ့ငွေဖြင့် ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ တွင်ကျရောက်မည့် “(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားကို ဇွန် ၁၅ ရက်နေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ထားဝယ်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမင်းမောင်နှင့်အဖွဲ့ဝင်များ၊ ဆရာမများနှင့် တာဝန်ရှိသူများက  ကျောင်းသား/သူ(၃၀)ဦးတို့ ယှဉ်ပြိုင်ထားသော စာစီစာကုံးအား စိစစ်ရွေးချယ် အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က ဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး (အထက်တန်း၊ အလယ်တန်း) အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပထမဆု(၃၀၀၀၀)ကျပ်နှင့် ဒုတိယဆု (၂၀၀၀၀)ကျပ်၊ တတိယဆု(၁၅၀၀၀)ကျပ်၊ နှစ်သိမ့်ဆု (၁၀၀၀၀)ကျပ် (ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု) ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က ပြိုင်ပွဲဝင် ကျောင်းသား/သူ(၃၀)ဦးအား တစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် (၁)ဒါဇင်စီ ပေးအပ်ပြီး ဆုရကျောင်းသား/သူများ ကိုယ်စားဆုရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)