သာယာဝတီမြို့တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate ) ဆေးခတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ် (Abate)ဆေးခတ်ခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ကျောင်းစုရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးဦးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန် နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ ၊ စစ်လုပ်ငန်း ဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ အန္တရာယ်မှကင်းဝေးစေရန် ရေသိုလှောင်ကန်များ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအား အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့န်ကျန်းမာရေးမူးဒေါ်စန္ဒာထွေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(ပြန်/ ဆက်)