လက်ပံတန်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့နံနက် ၉ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိုး၏ ဆင့်ကဲဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်သည် နိုင်ငံတစ်ခု ချင်းစီ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝအမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက် ကြရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်ပြီးမူလွန်(၂)လမ်းနှင့် အ.ထ.က(၃)ကျောင်းတို့မှ ကျောင်းသားကျောင်းသူလေးများက ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း နံရံကပ်စာစောင်၊ ဓာတ်ပုံများ၊ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာ၊ မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေး စာအုပ်စာစောင်များအား ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုကြရာ မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ရှင်းလင်းဆွေးနွေးပြသခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)