နောင်ချိုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

နောင်ချို ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ဈေးရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၃)၊ နယ်မြေ(၄)၊ နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၆)၊ နယ်မြေ(၇)၊ နယ်မြေ(၈)၊ နယ်မြေ(၉)များတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်သော ခြင်ကိုက်ခံရခြင်းနှင့် ပေါက်ဖွားခြင်း မရှိစေရေးအတွက် ဈေးရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေတွင်း၊ ရေကန်၊ ကျောက်စည်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်း၊ ရေကန်များ၊ ရေစည်များ၊ ရေအိုး၊ ရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လမ်းများ၊ မပေါက်ဖွားစေနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို  မြို့နယ်အတွင်းရှိ ကွင်းဆင်းရန် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင်လည်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

နောင်ချိုမြို့နယ်တွင် အသက်(၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး သွေးလွတ်တုပ်ကွေးရောဂါဖြစ်နေပြီး(မစိုးရိမ်ရ) ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက် ရှိကြောင်းနှင့် အဆိုပါ အဘိတ်ဆေးခတ်ရာသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က လိုက်ပါကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)