တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

တောင်တွင်းကြီး ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဝင်းမေထွန်းနှင့် စာကြည့်တိုက် လက်ထောက်(၃) ဒေါ်သိန်းသိန်းတင့်တို့က ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ဇိဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ် ထိခိုက်မှုများနှင့်ပတ်သက်၍ အဏ္ဏဝါပင်လယ်ပြင်အတွင်း ပလတ်စတစ်အမှိုက်ရောက်ရှိမှု များအကြောင်း၊ ပလတ်စတစ်မှ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် စပ်လျဉ်းသည့် ပြဿနာရပ်များအကြောင်း၊ အဏ္ဏဝါအမှိုက်သရိုက်နှင့် ပလတ်စတစ် ညစ်ညမ်းမှုသည် စီးပွားရေးကိုထိခိုက်စေသည့်အပြင် အဏ္ဏဝါသက်ရှိသတ္တဝါများ ပျက်စီးစေနိုင်ကြောင်းနှင့် ကာဗွန်စုပ်ယူမှုကိုပါ ထိခိုက်စေသည့်အတွက် ရာသီဥတုပြောင်းလဲမှုကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း၊ အဏ္ဏဝါအမှိုက်သရိုက် လျှော့ချရေး၊ တိုက်ဖျက်ရေးနှင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အပြည့်အစုံကို ပြည်သူများ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇိဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ် ထိခိုက်မှုများနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)