ကျွန်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

ကျွန်းလှ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခြင်ပေါက်ပွားနိုင်သော အိမ်သုံးပစ္စည်းများ၊ ရေတင်ကျန်သည့် စွန့်ပစ် ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ရေသိုလှောင်ကန်များကို အဘိတ်ဆေးများခတ်ခြင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ကြပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် တာဝန် ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မျိုးဝင်းညို ကျွန်းလှ