လဲချား ဇွန် ၁၆
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြှင့်မား လာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ် အားကစားမှူး ဦးထိန်လင်းမှ လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ခေါင်းဆောင်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ခေါင်ဆောင်မှု၏ လိုအပ်ချက်များ၊ ခေါင်းဆောင်တစ်ဦး၏ အကျင့်စရိုက်ဆိုင်ရာ ပြည့်စုံရမည့်တန်ဖိုးများ၊ ခေါင်းဆောင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်တို့ ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)