လားရှိုးမြို့တွင် ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် MPT စေတနာသွေးလှူရှင်များက စုပေါင်း သွေးလှူဒါန်း

လားရှိုး ဇွန် ၁၆

ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် MPT သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့ အထွေထွေရောဂါကု ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းသည့် နေရာသို့ လားရှိုးမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPTမှ စေတနာရှင် သွေးလှူရှင် (၃၅) ဦးနှင့် ပြင်ပမှ သွေးလှူရှင် (၂၅) ဦး စုစုပေါင်းသွေးလှူရှင် (၆၀)ဦးတို့က သွေးလိုအပ်နေသူများအတွက် စုပေါင်း သွေးလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းတွင် MPT မှလည်း တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး သွေးသည် လူတစ်ယောက်မှ အခြားလူတစ်ယောက်သို့ ပေးအပ်နိုင်သည့် အမွန်မြတ်ဆုံး လက်ဆောင် သို့မဟုတ်အသက်ကယ်ပေးခြင်းဖြစ်သောကြောင့် စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းတွင် ဝင်ရောက်သွေးလှူဒါန်းခဲ့ကြသည့် စေတနာရှင် သွေးအလှူရှင်များအား MPT မှထုတ်ဝေသော တီရှပ်အင်္ကျီနှင့် အမှတ်တရပစ္စည်းများ၊ အာဟာရ ဖြည့်စွက်စာများဖြစ်သည့် ကြက်ဥနှင့် မုန့်များ မေတ္တာလက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)