တွံတေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တွံတေး ဇွန် ၁၆

၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျောင်းသား/ သူများကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆိုးကျိုးများကို သိရှိနားလည်စေရန် အတွက်စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ (Community  Centre)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ်ဆိုသည့်ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း၊   လူငယ်လူရွယ်အများစု မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ဘိန်းစိုက်ခင်းများ ဖျက်စီးရှင်းလင်းထားပုံများ ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပြသထားရာ ကျောင်းသား/ သူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကိုပြသထားရာ အိုးဖိုအရှေ့ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)