မိုင်းခုတ် ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာမြေကို ကာကွယ်ဖို့ ပလတ်စတစ်သုံးစွဲမှုလျှော့ကြပါစို့ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာအေးက မြန်မာနိုင်ငံတွင်သာမက ကမ္ဘာနိုင်ငံများတွင် ပလတ်စတစ်များ သုံးစွဲမှုကြောင့် ဘယ်လိုဆိုးကျိုး တွေ့ဖြစ်ပေါ်စေမယ်၊ ဘယ်လိုတွေ ရှောင်ကျဥ်သင့်တယ်ဆိုတာနဲ့ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပလတ်စတစ်လျှော့ချသုံးရာ ပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီးတော့ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မီမီထွန်းနှင့် အတူဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီဒီယိုဖိုင်ကို အများပြည့်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းခုတ်မြို့ရုံးမှ ဖွင့်လှစ် ထားသည့် We Love MongKhoke Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)