ချောင်းဆုံ ဇွန် ၁၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ဇွန်လ ၁၆ ရက်နေ့က ကလွီ(အ.ထ.က)ကျောင်း ခန်းမတွင် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
အဆိုပါ ပန်းခင်စီမံချက် အဆင့်(၂) ဖြင့် ကွင်းဆင်းခြင်း လုပ်ငန်းတွင် အသက် (၁၀)နှစ်နှင့် အထက် ပြည့်ပြီးသူများအားလုံးကို နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်းနှင့် ပျောက်/ ပျက်သည့် ကတ်ပြားများအား မိတ္တူအသစ် ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်/ ကျေးရွာများသို့ အရောက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ချောင်းဆုံ(ပြန်/ ဆက်)