ဇေယျာသီရိ ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပညာရေးဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း ၁၀၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင် ခုတင် ၅၀ ဆံ့ ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေယံအောင်၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ဇေယျာသီရိမြို့နယ် အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများနှင့် ပြည်သူများ စုစုပေါင်း ၁၀၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) ပထမအကြိမ်၊ ဒုတိယအကြိမ်၊ စတုတ္ထအကြိမ်မြောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)