ထီးချိုင့် ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို မြို့မဈေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်နှင့်ဝန်ထမ်းများက ဈေးရောင်းသူ၊ ဈေးဝယ်သူ ပြည်သူများကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အလုပ်ရှင်များ သိရှိလိုက်နာသင့်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေး အလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ပုဒ်များ၊ ကဗျာများပါရှိသည်။
“ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး” ဇေယျာရွှေမြေ လက်ကမ်းစာစောင်ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး “အသိပညာပေးရေးနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ”မှ တာဝန်ခံထုတ်ဝေ၍ ကလေးအလုပ်သမားများ လျော့နည်း ပပျောက်စေရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေရန် ရည်ရွယ်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ဗဟုသုတတိုးပွားစေရန် အခမဲ့ဖြန့်ဝေရခြင်းဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)