မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကို ညောင်ဦးခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
ညောင်ဦး ခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးတို့ကို စက်ဘီးအစီးရေ ၁၀၀ စီးနှင့် ငါးပါး သီလဓမ္မဒါနစာအုပ်ရေ ၁၈၀၀ ကျော်လှူဒါန်းခြင်းနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ ၁၆၂၉ ဦးအား ကျောင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယွန်းပညာကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။