ရွှေဘိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အကြို​ ဟော​ပြောပွဲ၊ စာအုပ်စာ​စောင်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရွှေဘို ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အကြို၊​ ဟော​ပြောပွဲ၊ စာအုပ်စာ​စောင်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး ​ဒေါ်အေးမြမွန်က၊​ ဟော​ပြောပွဲ စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများကို​ ​ပြောကြားခဲ့ပြီး၊​ ကျောင်းသား​၊ ကျောင်းသူ​လေးများက မူးယစ်အန္တရာယ်နှင့် ပတ်သက်သည့် မိမိတို့ ကြိုက်နှစ်သက်ရာ​ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲသို့ ကျောင်းသား​၊ ကျောင်းသူ ၂၅ဦး​ကျော် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ စာအုပ်ပြပွဲ ခင်းကျင်း ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုအား​ပေးခဲ့သည်။ ပြိုင်ပွဲဝင်က​လေးများအား မုန့်အဟာရများ​ ကျွေး​မွေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား   ဇွန်လ ၂၆ ရက်​နေ့တွင် ကြရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေး နေ့တွင် ဆုများချီးမြှင့်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်