လပွတ္တာ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း၊ မျိုးသန့် တိုးပွားစေရန်နှင့် တစ်ဧက အထွက်နှုန်း တိုးပွားစေရန် ရည်ရည်၍ တောင်သူများအား အနီးကပ် စိုက်ပျိုးရေးစနစ်များကို အချိန်မီ ပညာပေးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက (၃၃၇၈၁၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် ယခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ဧက (၃၃၇၈၁၀) ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် ယခုလက်ရှိအချိန်တွင် ကြဲခင်းစိုက်ဧကအဖြစ် (၃၇၈၂)ဧကစိုက်ပျိုး ထားပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသော စိုက်ဧကများအား စပါးများပျိုးထောင်ပြီး စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရန်အတွက် မြေဩဇာများကိုလည်း တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်