မော်လမြိုင်ကျွန်း ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ပလတ်စတစ်ညစ် ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကျင်းပ ပြုလုပ်သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုအေးက Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူနေမှု ဘဝနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရန် ပလတ်စတစ်၏ ဆိုးကျိုးများနှင့် ပလတ်စတစ် လျော့ချသုံးစွဲရေး၊ ပလပ်စတစ်အိတ်၏ သက်တမ်းအား ပြောကြားခြင်း၊ ရုပ်သံကျွမ်းကျင် - ၃ ဦးမြင့်လှိုင်က ပလတ်စတစ်အမျိုးအစားများနှင့် ပြန်လည်အသုံးမပြုသင့်သည့် အမျိုးအစားများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများ၊ ပလတ်စတစ်လျှော့ ချသင့်သည့် နည်းလမ်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဥ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများ စဥ်ဆက်မပြတ် လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)