လားရှိုး ဇွန် ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လားရှိုးမြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ငွေကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးဆိုးကျိုးများနှင့် လားရှိုးလူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများအကြောင်းကို ဟောပြောသည်။
ဆက်လက်၍ လားရှိုးမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ ကောင်းညွန့်ဝေ(ရေစကြို)က “မူးယစ်ကင်းစင် မြူမတင် ဖြူစင်လှပ လူ့ဘဝ” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းကျောင်သား၊ ကျောင်းသူပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်