သနပ်ပင် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းစီးဌာန၏ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက ပြွန်ပေါက်ကျေးရွာ၌ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်အေး၊ သနပ်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်နောင်၊ ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ သနပ်ပင် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအောင်မျိုးဦးနှင့်ဝန်ထမ်းများ၊ ကျောင်းဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အင်းသားကြီးများတက်ရောက်၍ နှစ်လက်မအရွယ် ငါးမြစ်ချင်း အကောင်ရေ (၁)သိန်း၊ ရွှေဝါငါးကြင်း (၁.၅)သောင်း၊ ငါးခုံးမကြီးအကောင်ရေ (၁.၃)သိန်း၊ စုစုပေါင်း ငါးသားပေါက်အကောင်ရေ (၃.၈)သိန်း ပုဂံ- ညောင်ပင် ရေလွှဲပေါက်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ ဆက်)