ဆင်ပေါင်ဝဲမြို့နယ်၌ မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၇ နာရီအချိန်က အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံအတွင်း၌ မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။