သာပေါင်းမြို့နယ်တွင် တစ်အိမ်ထောင်လျှင် စားသုံးဆီတစ်ပိဿာ(၄၁၀၀)ကျပ်ဖြင့် လက်လီရောင်းချပေး

သာပေါင်း ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့နံနက်  ၉ နာရီအချိန်မှ စတင်ကာ အမှတ်(၃)ရပ်ကွက်၊ ဥယျာဉ်တန်းလမ်းမှနေ၍ တစ်အိမ်ထောင်လျှင် စားသုံးဆီ တစ်ပိဿာ(၄၁၀၀)ကျပ်ဖြင့် လက်လီရောင်းချပေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စားသုံးဆီဈေးနှုန်း သက်သာချောင်ချိစေရေးအတွက် လက်လီရောင်းချပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးမှူး ဦးထွန်းမင်းလတ်နှင့် ခရိုင်ဆီကုန်သည်ကြီးများအသင်းတို့မှ အမှတ်(၃)ရပ်ကွက်၊ ဥယျာဉ်တန်းလမ်းမှနေ၍ တစ်အိမ်ထောင်လျှင် စားသုံးဆီ တစ်ပိဿာ(၄၁၀၀)ကျပ်နှုန်းဖြင့် စနစ်တကျတန်းစီပြီး လက်လီရောင်းချပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း