လားရှိုးမြို့ နတလသင်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲပြုလုပ် လားရှိုး ဇွန် ၁၇ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လားရှိုးမ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လားရှိုးမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈)နာရီအချိန်က လားရှိုးမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမ၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဒလမြို့နယ်တွင် အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲအောင် ရဟန်း၊ သာမဏေများအား ဘွဲ့လက်မှတ်နှင့် ဝတ္ထုငွေများလှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အစိုးရပါဋ္ဌိ ပထမပြန်စာမေးပွဲအောင် ရဟန်း၊သာမဏေများအား ဘွဲ့လက်မှတ်နှင့်၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် မုဒိတာစာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် စီးပွားရေးလုပ်ငန်းရှင်များ ရှေင်ကျဉ်ရမည့် တားမြစ်ချက်များအကြောင်း သိကောင်းစရာ  Talk Show ဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)တွင် စီးပွားရေးလုပ်ငန်းရှင်များ ရှေင်ကျဉ်ရမည့် တားမြစ်ချက်များနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

ချောက်မြို့နယ်တွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူး​ပေါင်း၍ ယမန်‌နေ့က ချောက် မြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စားသုံးရန်မသင့် တားမြစ်ထားသောစား သောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှုရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကျင်းပ

မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သော ဒေသများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ရန်အတွက် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ပူးပေါင်း၍ ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ယမန်‌နေ့မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ Forever Group မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးဆောင်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးဆောင်၍ မိုးရာသီသစ်ပင် စိုက်ပျိုုးပွဲကို ယနေ့နံနက်(၇)နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၁၁) လားရှိုးဂေါက်ကွင်းအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီကာလတွင် ရွှေကျင်ချောင်းကူးတံတားဘေး၌ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to