ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများနှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “လူတောတိုးဖို့လူရာဝင်ဖို့’’စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။