ကန်ကြီးထောင့်မြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူများသို့ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကန်ကြီးထောင့်မြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းးသားကျောင်းသူလေးများအား လာမည့်ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်အား မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း ၁ဝ မျိုး ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ပြုလုပ်ရာ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်ကလေးအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့၌  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာအထက်တန်းကျောင်း(ခွဲ)၊ ထွန်းသစ္စာဆောင်တွင် ကျင်းပသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)ပန်းချီပြိုင်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အလယ်တန်းအဆင့် ရောင်စုံပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန(Community-Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

မြိုင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြာပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြိုင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ(၁/၂၀၂၃)နှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ(၁/၂၀၂၃)နှင့်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး)ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) ကျောင်းအုပ်ကြီးနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

တံတားဦးမြို့နယ် လူကုန်ကူးမှု တားဆီးတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပကြောင်းသိရသည် ။

မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကျင်းပ

မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သောဒေသများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ရန်အတွက် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ပူးပေါင်း၍ ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ Forever Group မှတာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် ဘောလုံးဝါဿနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥပဒေရေးရာ စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ စကားဝိုင်းကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က မြို့နယ်အထွေထွေဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ပြီး(၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to