ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ဒဂုံ (ဆိပ်ကမ်း) ဇွန် ၁၇ ဖြိုးစန္ဒာကျော်

ကျောက်မဲမြို့နယ်၊ အမှတ်(၉) အခြေခံပညာမူလွန်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အ.မ.က(၉)မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီးသော စိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားလုပ်ခွင့်ပြုဧရိယာများ သတ်မှတ်သည့်နည်းလမ်းအတိုင်း စိုက်ပျိုးလုပ်ကိုင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီးသော စိုက်ပျိုးရေးလုပ်ငန်းဧရိယာနှင့်အခြား လုပ်ခွင့်ပြုဧရိယာများ သတ်မှတ်နည်းလမ်းအတိုင်း စိုက်ပျိုးလုပ်ကိုင်မှုရှိ/မရှိကို ယမန်နေ့ ညနေပိုင်းက သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တမူးမြို့တွင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း အသိပညာပေး(Talk Show) ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တမူးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်​ခြင်း အသိပညာပေး( Talk Show)ကို ယနေ့နံနက်(၉)နာရီအချိန်က တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မူးယစ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ကလေးငယ်များအနေဖြင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌  ၂၀၂၃ ခုနှစ် မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက နမ့်ကုန်း ကျေးရွာ အုပ်စု၊ ခတ်တန်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to